မန်ကိန်း
ချင်းပြည်နယ်အတွင်း ဖြစ်ထွန်းအောင်မြင်နေပြီး ဈေးကွက်ရှိနေသည့် ဝဥစိုက်ပျိုးရေးသည် ပြည်နယ်အတွက် အသင့်တော်ဆုံး သီးနှံစီမံကိန်းဖြစ်မည်ဟု ချင်းပြည်နယ်စိုက်ပျိုးရေးဝန်ကြီး ဦးဗန်ထောင်းက ချင်းဝေါလ်မီဒီယာသို့ ပြောကြားလိုက်သည်။
ချင်းပြည်နယ်အတွင်း ဖြစ်ထွန်းအောင်မြင်နေပြီး ဈေးကွက်ရှိနေသည့် ဝဥစိုက်ပျိုးရေးသည် ပြည်နယ်အတွက် အသင့်တော်ဆုံး သီးနှံစီမံကိန်းဖြစ်မည်ဟု ချင်းပြည်နယ်စိုက်ပျိုးရေးဝန်ကြီး ဦးဗန်ထောင်းက ချင်းဝေါလ်မီဒီယာသို့ ပြောကြားလိုက်သည်။
“ စနစ်တကျလေးနဲ့ လုပ်မယ်ဆိုရင်တော့ ကျနော်တို့ချင်းပြည်နယ် စိုက်ပျိုးရေးတောင်သူများရဲ့ ထွက်ရပ်လမ်းကတော့ ဝဥစိုက်ပျိုးရေးပဲဖြစ်တယ်လို့ဆိုချင်ပါတယ်။ သို့သော် ဝဥချည်းပဲ အားလုံးစိုက်ရမယ် ဆိုရင်လည်းပဲ ဈေးကွက်တို့ဘာတို့မှာ ဈေးနှိမ်ခံရတာတို့ဘာတို့ ဖြစ်နိုင်တဲ့အတွက် ဥပမာ တီးတိန်လိုနေရာမှာ စပျစ်စိုက်တယ် ဖလမ်းလိုနေရာမှာ စပျစ်စိုက်တယ် ဆိုတဲ့ဟာမျိုး သူဒေသနဲ့သူပေါ့နော် အဲဒါမျိုးရှိပါတယ်” ဟု ၄င်းက ပြောကြားသည်။
လက်ရှိအချိန်တွင် ဝဥကို ချင်းပြည်နယ်ရှိ မြို့နယ်အများစုတွင် တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလာကြပြီး ဈေးကွက်ကောင်းသော်လည်း တောင်သူများအနေဖြင့် လိုအပ်သည့် နည်းပညာ၊ စိုက်ပျိုးရေး သွင်းအားစုများအား ထောက်ပံ့ကူညီမှုများ မရနိုင်သဖြင့် အခက်အခဲ တွေ့နေကြရသည်ဟု ဝဥစိုက်ပျိုးသူ ဦးရှယ်အောင်က ချင်းဝေါလ်သို့ပြောသည်။
“ဒီမှာက မျိုးစေ့လုံလုံလောက်လောက်မရနိုင်ဘူးပေါ့လေ ။ စိုက်ပျိုးမြေကတော့ရှိတယ် ဒါပေမယ့် မျိုးစေ့လုံလုံလောက်လောက်မရနိုင်တာက လူတိုင်းမစိုက်နိုင်တဲ့ အဓိက အခက်အခဲတစ်ခုဖြစ်ပါတယ် ” ဟု ယင်းကဆိုသည်။
ချင်းပြည်နယ်ထွက် ဝဥများမှာ အရည်အသွေး ကောင်းမွန်သဖြင့် လူကြိုက်များကာ
ဈေးကွက်တွင် ဝဥအစိုတစ်ပိဿာမှာ မြန်မာကျပ်ငွေ ၆၀၀ မှာ ၇၀၀ ခန့်ရှိပြီး အခြောက်တစ်ပိဿာမှာ ကျပ်ငွေ ၄၅၀၀ မှာ ၄၈၀၀ အထိ ဈေးပေါက်လျက်ရှိကြောင်း သိရသည်။
ဒေသထွက် ဝဥများကို ရန်ကုန်နှင့် မန္တလေးမြို့များမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ တင်ပို့လျက်ရှိကြောင်းသိရသည်။ ဝဥသည် လွန်ခဲ့သည့် ငါးနှစ်ခန့်မှစ၍ နိုင်ငံခြားပို့ကုန်ဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံများက အဓိကဝယ်ယူကြကြောင်းသိရသည်။


No comments:
Post a Comment