Wednesday, May 6, 2015

ဝ ဥစိုက်ပျိုးရေးသည် ချင်းပြည်နယ်အတွက် အသင့်တော်ဆုံး သီနှံစီမံကိန်းဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဝန်ကြီးပြောကြား


မန်ကိန်း

ချင်းပြည်နယ်အတွင်း ဖြစ်ထွန်းအောင်မြင်နေပြီး ဈေးကွက်ရှိနေသည့် ဝဥစိုက်ပျိုးရေးသည် ပြည်နယ်အတွက် အသင့်တော်ဆုံး သီးနှံစီမံကိန်းဖြစ်မည်ဟု ချင်းပြည်နယ်စိုက်ပျိုးရေးဝန်ကြီး ဦးဗန်ထောင်းက ချင်းဝေါလ်မီဒီယာသို့ ပြောကြားလိုက်သည်။
 
“ စနစ်တကျလေးနဲ့ လုပ်မယ်ဆိုရင်တော့ ကျနော်တို့ချင်းပြည်နယ် စိုက်ပျိုးရေးတောင်သူများရဲ့ ထွက်ရပ်လမ်းကတော့ ဝဥစိုက်ပျိုးရေးပဲဖြစ်တယ်လို့ဆိုချင်ပါတယ်။ သို့သော် ဝဥချည်းပဲ အားလုံးစိုက်ရမယ် ဆိုရင်လည်းပဲ ဈေးကွက်တို့ဘာတို့မှာ ဈေးနှိမ်ခံရတာတို့ဘာတို့ ဖြစ်နိုင်တဲ့အတွက် ဥပမာ တီးတိန်လိုနေရာမှာ စပျစ်စိုက်တယ် ဖလမ်းလိုနေရာမှာ စပျစ်စိုက်တယ် ဆိုတဲ့ဟာမျိုး သူဒေသနဲ့သူပေါ့နော် အဲဒါမျိုးရှိပါတယ်” ဟု ၄င်းက ပြောကြားသည်။
 
 
လက်ရှိအချိန်တွင် ဝဥကို ချင်းပြည်နယ်ရှိ မြို့နယ်အများစုတွင် တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလာကြပြီး ဈေးကွက်ကောင်းသော်လည်း တောင်သူများအနေဖြင့် လိုအပ်သည့် နည်းပညာ၊ စိုက်ပျိုးရေး သွင်းအားစုများအား ထောက်ပံ့ကူညီမှုများ မရနိုင်သဖြင့် အခက်အခဲ တွေ့နေကြရသည်ဟု ဝဥစိုက်ပျိုးသူ ဦးရှယ်အောင်က ချင်းဝေါလ်သို့ပြောသည်။
 
 
“ဒီမှာက မျိုးစေ့လုံလုံလောက်လောက်မရနိုင်ဘူးပေါ့လေ ။ စိုက်ပျိုးမြေကတော့ရှိတယ် ဒါပေမယ့် မျိုးစေ့လုံလုံလောက်လောက်မရနိုင်တာက လူတိုင်းမစိုက်နိုင်တဲ့ အဓိက အခက်အခဲတစ်ခုဖြစ်ပါတယ် ” ဟု ယင်းကဆိုသည်။
 
ချင်းပြည်နယ်ထွက် ဝဥများမှာ အရည်အသွေး ကောင်းမွန်သဖြင့် လူကြိုက်များကာ
ဈေးကွက်တွင် ဝဥအစိုတစ်ပိဿာမှာ မြန်မာကျပ်ငွေ ၆၀၀ မှာ ၇၀၀ ခန့်ရှိပြီး အခြောက်တစ်ပိဿာမှာ ကျပ်ငွေ ၄၅၀၀ မှာ ၄၈၀၀ အထိ ဈေးပေါက်လျက်ရှိကြောင်း သိရသည်။
 
ဒေသထွက် ဝဥများကို ရန်ကုန်နှင့် မန္တလေးမြို့များမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ တင်ပို့လျက်ရှိကြောင်းသိရသည်။ ဝဥသည် လွန်ခဲ့သည့် ငါးနှစ်ခန့်မှစ၍ နိုင်ငံခြားပို့ကုန်ဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံများက အဓိကဝယ်ယူကြကြောင်းသိရသည်။

ချင်းပြည်နယ်မှ ကလေးငယ်များ ကျန်းမာရေးနှင့် ပညာရေးစောင့်ရှောက်မှုများအတွက် ငါးနှစ်စီမံကိန်းဖြင့် ယူနီဆက်လုပ်ဆောင်မည်



By ယမင်း

ကလေးသူငယ်များကို အဓိကထားသည့် ပထမဦးဆုံး သော ဒေသန္တရလူမှုရေးစီမံကိန်း ကို ယူနီဆက်က ချင်းပြည်နယ် တွင် စတင်ဆောင်ရွက်မည်ဟုသ တင်းရရှိသည်။

ချင်းပြည်နယ်ရှိ ကလေးသူ ငယ်များသည် အခြားပြည်နယ်နှင့် တိုင်းများတွင်နေထိုင်သည့် က လေးသူငယ်များနှင့် နှိုင်းယှဉ်ပါက ကိုယ်အလေးချိန်စံမမီခြင်း၊ ကြီး ထွားမှုနှုန်းရပ်တန့်ခြင်းနှင့် ကျန်း မာရေးစောင့်ရှောက်မှု ၆ရာခိုင် နှုန်းသာရရှိခြင်းတို့ကြောင့်အဆို ပါဒေသရှိ ကလေးသူငယ်နှင့်မိ သားစုဝင်များအတွက် အကျိုးရ လဒ်ကောင်းများရရှိစေရန်ရည် ရွယ်၍ အဆိုပါစီမံကိန်းကိုဆောင် ရွက်ခြင်းဖြစ်ကြောင်း ယူနီဆက် ဌာနေကိုယ်စားလှယ်မစ္စတာဘာ ထရန်ဗိန်းဗဲလ်ကပြောသည်။

‘‘ဒီစီမံကိန်းက ချင်းပြည်နယ် နဲ့ ဖွံ့ဖြိုးရေးလိုအပ်ချက်တွေကို ပြည့်မီစေဖို့သာမက စားနပ်ရိက္ခာ ဖူလုံရေး၊ ပညာသင်ကြားနိုင်ရေးနဲ့ အရည်အသွေးမီကျန်းမာရေး စောင့်ရှောက်မှုတွေကို ကျယ် ကျယ်ပြန့်ပြန့်ရရှိနိုင်ဖို့အတွက် ဖြည့်ဆည်းပေးနိုင်မှာပါ’’ဟု မစ္စ တာဘာထရန်ဗိန်းဗဲလ်ကပြော သည်။အဆိုပါစီမံကိန်းကာလမှာ ၂၀၁၆မှ ၂၀၂၁အထိ ငါးနှစ် ဖြစ်၍ ဒိန်းမတ်နိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့် ယူနီဆက်နှင့်   မြန်မာဘက်စုံ ဖွံ့ဖြိုးရေးအဖွဲ့အစည်းMyanmar Institute For Integrated Devel-opment(MIID)တို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး ချင်းပြည်နယ်ရှိ ကျန်းမာရေး၊ ပညာရေး၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများအတွက်တစ်နှစ်လျှင် ကန်ဒေါ်လာ ငါးသန်းနှုန်းဖြင့် ငါးနှစ်ဆက်တိုက်   သုံးစွဲမည်ဖြစ် သည်။ ထိုကဲ့သို့ စီမံကိန်းဆောင် ရွက်နိုင်ရန် ယူနီဆက်နှင့် MIIDတို့ ပူးပေါင်းကာ ဒေသန္တရလူမှုရေးစီမံကိန်းဆောင်ရွက်သည့် နည်းလမ်းဆိုင်ရာလမ်းညွှန်ချက်များနှင့် ချင်းပြည်နယ်အတွေ့အကြုံများကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနသို့ ပေးပို့ခဲ့ကြောင်း MIIDအလုပ်အမှုဆောင်ဒါရိုက်တာကပြောသည်။

လက်ရှိတွင် ချင်းပြည်နယ်ရှိ ကလေးသူငယ်များမှာ မိသားစု စားဝတ်နေရေးနှင့်စီးပွားရေးချို့တဲ့မှုကြောင့် မိသားစုနှင့် ခွဲခွာနေ ရခြင်း၊ ဆင်းရဲနွမ်းပါးခြင်းကြောင့် ကလေးလုပ်သားများဖြစ်နေရ ခြင်း၊ ကလေးသူငယ်များအရက် သေစာအလွယ်တကူဝယ်ယူရရှိ နိုင်ခြင်းနှင့် အရွယ်မရောက်သေး သော ကလေးသူငယ်များမှာမော် တော်ဆိုင်ကယ်စီးနင်းနေခြင်းစ သည့် အခက်အခဲများရှိနေ ကြောင်း ချင်းပြည်နယ်လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဗန်ထောင်းကပြောသည်။

‘‘၅၃ရာခိုင်နှုန်းသော (၃)နှစ် ကနေ ၅နှစ်အရွယ် ကလေးတွေ မူကြိုကျောင်းနေခွင့်ရဖို့လိုတယ်။ ပြီးတော့ ကလေးတွေကို လွဲမှား စွာပြုမူတာတို့၊ လျစ်လျူရှုတာတို့၊ အကြမ်းဖက်တာတွေနဲ့ ခေါင်းပုံ ဖြတ်တာတို့ကို ထိရောက်စွာတုံ့ ပြန်နိုင်တဲ့ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်ရေးစနစ်ထူ ထောင်ပေးဖို့လိုတယ်။ အသိပညာပေးတာတွေလုပ်ဖို့လိုတယ်’’ ဟု ဦးဗန်ထောင်းကပြောသည်။

ချင်းပြည်နယ်မှာ မြန်မာနိုင် ငံ၏ အဆင်းရဲဆုံးပြည်နယ်တစ်ခု ဖြစ်သကဲ့သို့ ဖွံ့ဖြိုးမှုနောက်အကျ ဆုံးပြည်နယ်တစ်ခုလည်းဖြစ်ပြီး  လူဦးရေ ၄၇၈,၀၀၀ကျော်နေထိုင် ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

http://www.7daydaily.com/story/36595#.VUqALY5W_IU

Tuesday, May 5, 2015

ကျော်လွန်သွားပေဦးမည် (This too shall pass)


တစ်ခါတုန်းက ဘုရင်တပါးဟာ သူ့ရဲ့မူးမတ်ပညာရှိတွေကိုခေါ်ပြီ
း အခြေအနေအမျိုးမျိုး၊
အချိန်အခါအမျိုးမျိုးနဲ့ နေရာအမျိုမျိုးတိုင်းမှာ အမြဲတမ်းမှန်ကန်နေမယ့် စာသား
ဒါမှမဟုတ် ဆောင်ပုဒ် ရှိသလားလို့မေးမြန်းပါတယ်။ ပျော်ရွှင်တဲ့အချိန်၊
ဝမ်းနည်းတဲ့အချိန်၊ အောင်မြင်တဲ့အချိန်နဲ့ ဆုံးရှုံးတဲ့အချိန်တွေအားလုံးအတွက်
အမြဲမှန်ကန်နေမယ့် အဖြေကိုလိုချင်တာပါ။

ဘုရင်ကြီးရဲ့မေးခွန်းဟာ ပညာရှိအမတ်များအတွက်
အလွန်ခက်ခဲတဲ့ပဟေဋ္ဌိတစ်ခုလိုဖြစ်နေပါတော့တယ်။ ပညာရှိများ
ဟာစဉ်းစားတိုင်ပင်ကြရင်းနဲ့ နောက်ဆုံးအများသဘောတူတဲ့အဖြေတစ်ခုကိုရရှိသွားပါတယ်။
နောက်တစ်နေ့မှာပဲ ပညာရှိတွေဟာ အဖြေရေးထားတဲ့ စာရွက်ကလေးကို
ဘုရင်ကြီးကိုဆက်သလိုက်ပါတယ်။  ဒါပေမယ့် ပညာရှိများက ဘုရင်ကြီးလိုက်နာရမယ့်
စည်းကမ်းတစ်ချက်ကိုတော့ သတ်မှတ်ထားကြပါတယ်။

ဘုရင်ကြီးလိုက်နာရတဲ့ စည်းကမ်းကတော့ စာကို အလွန်ကြီးမားတဲ့
ဘေးအန္တရာယ်ကြုံတွေ့ရလို့ ကျော်လွန်စရာ အခြားနည်းလမ်းမရှိတော့တဲ့အခြေအနေမှာမှ
ဖွင့်ကြည့်ရပါမယ်။ အဲဒါကြောင့် ဘုရင်ကြီးဟာ စာကို
မဖတ်သေးပဲသူ့စိန်လက်စွပ်ရဲ့အံဝှက်ထဲမှာထည့်ပြီးသိမ်းထားလိုက်ပါတယ်။

များမကြာမီအချိန်မှာ ဘုရင်ကြီးရဲ့တိုင်းပြည်ကို
အိမ်နီးချင်းနိုင်ငံတွေကလာရောက်ပြီးတိုက်ခိုက်ကြပါတယ်။
ဘုရင်ကြီးနဲ့သူ့ရဲ့တပ်များက ရွပ်ရွပ်ချွံချွံခုခံပေမယ့် စစ်ရှုံးပြီး
ဆုတ်ခွာထွက်ပြေးရပါတယ်။ ရန်သူတပ်တွေဟာ
မြင်းစီးပြီးထွက်ပြေးတဲ့ဘုရင်ကြီးနောက်ကို ထပ်ကြပ်မကွာလိုက်ရာမှာ
တဖြည်းဖြည်းနဲ့ မီလုမီခင်ဖြစ်လာပါတယ်။
နောက်ဆုံးပြေးရင်းပြေးရင်းနဲ့ဘုရင်ကြီးဟာဘယ်ကိုမှဆက်ပြေးလို့ မရတော့တဲ့
တောင်ကြားထဲကလမ်းဆုံးကိုရောက်သွားပါတော့တယ်။ နံဘေးကိုကြည့်တော့လဲ
ပေတစ်ထောင်လောက်နက်တဲ့ လျိုမြောင်ကမ်းပါးတွေက ၀န်းရံနေပါတယ်။
ဆက်သွားရင်ချောက်ထဲကျမှာဖြစ်ပြီး နောက်ပြန်ဆုတ်ဖို့ကလည်း လမ်းက
ကျဉ်းမြောင်းတဲ့အပြင် အနောက်ကလိုက်လာတဲ့ ရန်သူ့မြင်းခွာသံတွေက
တဖြည်းဖြည်းနီးလာပါတယ်။ လွတ်လမ်းမရှိတော့တဲ့ အတွက်ဘုရင်ကြီးဟာ
တုန်လှုပ်ခြောက်ခြားလာပါတယ်။ အဲဒီအချိန်မှာ သူဝတ်ဆင်ထားတဲ့ စိန်လက်စွပ်ဟာ
နေရောင်ကြောင့် လက်ကနဲဖြစ်သွားကိုသတိထားမိလိုက်ပြီး လက်စွပ်ထဲမှာ
စာထည့်ထားတာကို သတိရသွားတာနဲ့ချက်ချင်းပဲ လက်စွပ်ထဲက
စာကိုဖွင့်ဖတ်ကြည့်လိုက်ပါတယ်။ သူတွေ့လိုက်ရတာကတော့
*“ကျော်လွန်သွားပေဦးမည်”*လို့ရေးထားတာပါပဲ။ `

ဘုရင်ကြီးဟာ အဲဒီစာသားလေးကို အခေါက်ခေါက်အခါခါ ဖတ်ကြည့်နေရင်းနဲ့ “အင်း
ဟုတ်တာပဲ အခုငါတွေ့ကြုံနေရတဲ့ အကျပ်အတည်းဟာ မကြာခင်မှာပဲပြီးဆုံးသွားဦးမှာပဲ”
“မကြာသေးခင်ကပဲ ငါဟာ မင်းစည်းစိမ်အပြည့်နဲ့နေခဲ့ရတယ်၊ ပြီးတော့ ငါ့တိုင်းပြည်ဟာ
အင်အားအတောင့်တင်းဆုံးဖြစ်ခဲ့တယ်၊ ဒါပေမယ့် ဒီနေ့မှာတော့ တိုင်းပြည်ကြီးနဲ့
မင်းစည်းစိမ်တွေအကုန်လုံးကိုဆုံးရှုံးလိုက်ရပြီး ရန်သူတွေလက်ထဲကနေ
အသက်လုပြီးပြေးနေရတယ်။ စည်းစိမ်အပြည့်နဲ့နေ့တွေ ကုန်ဆုံးသွားခဲ့သလို  အန
္တရာယ်အပြည့်နဲ့ နေ့ရက်တွေဟာလဲမကြာခင်ကုန်သွားဦးမှာပဲ” လို့တွေးမိပြီး
တဖြည်းဖြည်းနဲ့ စိတ်တည်ငြိမ်အေးချမ်းလာပါတယ်။ သူဟာစဉ်းစားနေရင်း
သူရောက်နေတဲ့နေရာလေးက သဘာဝအလှအပရှုခင်းတွေဟာ အလွန်သာယာလှပတာကိုသတိထားမိပြီး
သူ့တိုင်းပြည်ထဲမှာ ဒီလိုလှပတဲ့နေရာရှိတာပဲလို့တွေးမိပြီး
ရှုခင်းကိုခံစားနေပါတယ်။

လက်စွပ်ထဲက စာသားလေးက အကျိုးသက်ရောက်မှုတော်တော်ရှိပါတယ်။ ဘုရင်ကြီးဟာ
သက်တောင့်သက်သာဖြစ်လာပြီး သူ့နောက်မှာ ရန်သူများလိုက်နေတာကိုတောင်
မေ့သွားပါတယ်။ မကြာခင်မှာ ရန်သူများရဲ့မြင်းခွာသံများက
တဖြည်းဖြည်းနဲ့ဝေးကွာသွားပြီး သူနဲ့ဝေးရာ တောင်များဘက်ဆီကိုထွက်သွားပါတယ်

ဘုရင်ကြီးဟာ ရဲဝံ့တဲ့သူတစ်ဦးဖြစ်တာနဲ့အလျောက်
သူ့ရဲ့တပ်ကိုပြန်လည်ဖွဲ့စည်းပြီး ရန်သူတွေကိုပြန်လည်တိုက်ခိုက်ပြန်ပါတယ်။
ဒီတစ်ခါမှာတော့ ရန်သူ့တပ်တွေကို အောင်နိုင်ပြီး
သူရဲ့တိုင်းပြည်ကိုပြန်လည်ရရှိပါတော့တယ်။ အောင်ပွဲနဲ့အတူပြန်လာတဲ့ဘုရင်ကြီးကို
တိုင်းသူပြည်သားများက သောင်းသောင်းဖျဖျနဲ့ အိမ်တိုင်း၊ လမ်းတိုင်း၊ နေရာတိုင်းက
ဘုရင်ကြီးပေါ်ကို ပန်းတွေကြဲပြီးကြိုဆိုကြပါတယ်။ မြို့တော်တစ်ခုလုံးမှာလဲ
ဘုရင်ကြီးရဲ့အောင်ပွဲအတွက် ပျော်ပွဲရွှင်ပွဲတွေကို ကျင်းပပြီး
အောင်ပွဲခံကြပါတယ်။  တိုင်းသူပြည်သားများကလဲ ကခုန်ကြ သီချင်းဆိုကြနဲ့
ပျော်ရွှင်နေကြပါတယ်။ ဘုရင်ကြီးဟာ သူရဲ့အောင်ပွဲတွေ၊ ပြည်သူတွေရဲ့
ကြိုဆိုမှုတွေကိုကြည့်ပြီး မာနထောင်လွှားစိတ်ဖြစ်လာပြီး “  ငါဟာ   အရဲရင့်ဆုံးနဲ့
အကြီးမြတ်ဆုံးဘုရင်တစ်ယောက်ဖြစ်တယ်”  လို့ကြုံးဝါးလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သူ့ရဲ့စိန်လက်စွပ်ဟာနေရောင်ကြောင့် လက်သွားပြီး သူ့ကို
သတိပေးလိုက်သလိုဖြစ်သွားတဲ့အတွက် စာကိုထုတ်ပြီးဖတ်ကြည့်ပြန်ပါတယ်

*“ကျော်လွန်သွားပေဦးမည်”*

စာကိုဖတ်လိုက်ပြီး ဘုရင်ကြီးဟာ ချက်ချင်းနှုတ်ဆိတ်သွားပါတယ်။ သူရဲ့
မျက်နှာအမူအရာဟာလဲ မာနထောင်လွှားခြင်း ကနေချက်ချင်း
နှိမ့်ချခြင်းအသွင်ကိုပြောင်းလဲသွားပါတယ်။

ဒီအချိန်ခဏလေးဟာ ကုန်လွန်သွားမှာဖြစ်တဲ့အတွက် ဒါဟာ သင်ပိုင်ဆိုင်တဲ့အရာ
မဟုတ်ပါဘူး။ သင့်ရဲ့ဆုံးရှုံးခြင်းနဲ့ အောင်မြင်ခြင်းများကိုလဲ
သင်မပိုင်ဆိုင်ပါဘူး။ အရာအားလုံးဟာ အမြဲပြောင်းလဲနေပြီး သင်ဟာဘေးမှ ကြည့်ရှုနေသူ
ပရိသတ်တစ်ယောက်သာဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ
ဒီပြောင်းလဲကုန်လွန်ခြင်းများအတွက် သက်သေခံများသာဖြစ်ကြပါတယ်။ အသက်တာတွေဟာ
လာပြီးတော့ ပြန်သွားကြပါတယ်။ ၀မ်းသာပျော်ရွှင်ခြင်းများလဲ
လာပြီးတော့ပြန်သွားကြပါတယ်။ ကြေကွဲဝမ်းနည်းရခြင်းတွေလဲ လာရောက်ပြီး
ပြန်ထွက်သွားကြပါတယ်။

ယခုသင် ဒီဇာတ်လမ်းလေးကိုဖတ်ပြီးသွားတဲ့အခါမှာ၊ တိတ်ဆိတ်စွာထိုင်ပြီး
မိမိအသက်တာကို ပြန်ပြီးသုံးသပ်ကြည့်ပါ။ သင့်ရဲ့အောင်မြင်ခဲ့တဲ့အချိန်များနဲ့
ပျော်ရွှင်ခဲ့တဲ့အချိန်တွေကို ပြန်ပြီးစဉ်းစားကြည့်ပါ။ သင့်ရဲ့
ရှုံးနိမ့်ခဲ့ရတဲ့အချိန်တွေနဲ့ ကြေကွဲဝမ်းနည်းခဲ့ရတဲ့အချိန်တွေကို
ပြန်စဉ်းစားကြည့်ပါ။ အဲဒီအချိန်တွေက အမြဲတမ်းတည်မြဲနေတာလား။ အဖြေကတော့
“အရာအားလုံးဟာ ကုန်ဆုံးကျော်လွန်သွားကြပါတယ်။”

ဘ၀အသက်တာတွေဆိုတာဟာ အမြဲတမ်းပြောင်းလဲနေပါတယ်။ ဒီလောကကြီးမှာ
ဘယ်အရာမှမတည်မြဲပါဘူး။ ပြောင်းလဲခြင်းဆိုတဲ့နိယာမသဘောတရားတစ်ခုကလွဲလို့
အရာအားလုံးဟာပြောင်းလဲနေပါတယ်။ ဒီအကြောင်းတွေကို
သင့်ရဲ့ရှုထောင့်ကမြင်ကြည့်လျှင်သင်ဟာ ပြောင်းလဲမှုများကို
မြင်တွေ့ပြီးဖြစ်ပါမယ်။ သင်ဟာ အခက်အခဲအတားအဆီးတွေ၊ ဆုံးရှုံးမှုတွေနဲ့
ဝမ်းနည်းမှုတွေ အားလုံးကိုကျော်လွန်ပြီး ဆက်လက်ရှင်သန်နေတာဖြစ်ပါတယ်။
အားလုံးဟာပြီးဆုံးသွားခဲ့ပါပြီ။ အခုတွေ့ကြုံနေရတဲ့ အခက်အခဲ၊ ပြဿနာတွေဟာလဲ
မကြာခင်ကျော်လွန်ပြီးဆုံးသွားဦးမှာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့
အရာအားလုံးဟာ ထာဝရမတည်မြဲပါဘူး။ ပျော်ရွှင်ရခြင်းနဲ့ ၀မ်းနည်းကြေကွဲရခြင်းတွေ
အားလုံးဟာ ဒင်္ဂါးတစ်ခုတည်းက ခေါင်းနဲ့ပန်းလို အမြဲယှဉ်တွဲနေပါတယ်။
အဲဒီနှစ်ခုလုံးဟာလဲ မကြာခင်ကျော်လွန်သွားဦးမှာပါပဲ

သင်ဟာ ပြောင်းလဲခြင်းများရဲ့ သက်သေခံတစ်ဦးပါ။ ဒီပြောင်းလဲခြင်းတွေကို
တွေ့ကြုံခံစားပါ၊ နားလည်အောင်ကြိုးစားပါ ၊ နောက်ပြီး သင့်ရဲ့
လက်ရှိပိုင်ဆိုင်တဲ့အချိန်ကိုတန်ဖိုးထား မြတ်နိုးပါ။ ဘာကြောင့်လဲဆိုတော့
ဒီအခိုက်အတန့် အချိန်ကလေးဟာလဲ ကျော်လွန်သွားဦးမှာ ဖြစ်လို့ပါပဲ။

“This too shall pass” article အားဆီလျော်အောင်ဘာသာပြန်ဆိုပါသည်။
ကြိုးစားနေဦးမည့်
telos.purple@gmail.com
 
Mail ထဲက စာတွေကို ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါသည်။

ငွေအလိမ်မခံရဖို့ သတိပြုသင့်တဲ့ အချက်လေးတစ်ခုပြောပြချင်လို့ပါ


အခုခေတ်မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေကြေးနဲ့ မြန်မာငွေကြေးလဲလှယ်မှုများ မြင့်မားလာနေသည်နှင့် အမျှ နိုင်ငံတကာသုံးငွေတွေ တရားမဝင်လဲလှယ်ကြတာက အပြစ်ကြီးတစ်ခုလို့ မတွေးထင်ကြတော့ပါဘူး၊ တစ်ဒေါ်လာကို ခြောက်ကျပ်နဲ့ ဘယ်သူမှ တရားဝင်မလဲလှယ်ကြပါဘူး၊ အရပ်သားအချင်းချင်းလက်တို့စနစ်နဲ့ လဲလှယ်နေကြတာ ဆယ်စုနှစ်ချီနေပါပြီ၊ ဒါကလည်း ခေတ်ရေစီးရဲ့လိုအပ်ချက် ဖြစ်နေလို့ပါ၊ တစ်ဒေါ်လာကို ပေါက်ဈေးဘယ်လောက်ဆိုပြီး ရောင်းသူဝယ်သူအချင်းချင်း ဒေါ်လာပေးကြ မြန်မာငွေပေးကြ နဲ အရောင်းအဝယ်လုပ်ကြရာမှာ မြန်မာငွေကြေးကို လိမ်ကြတာပါ၊ကြားဖူးနေတဲ့ တို့ဆေးဘာဆေးကိစ္စတွေနဲ့ လိမ်တာမျိုးကို ဆိုလိုခြင်းမဟုတ်ပါဘူး၊ အခုလိမ်နည်းက ငွေကြေးရေတွက်ပုံကို အသုံးချပြီး ရိုးရိုးလေးနဲ့ကို လိမ်တာပါ၊ အသိအစ်ကိုကြီး တစ်ယောက်ကိုယ်တိုင်မြို့ထဲမှာ ဒေါ်လာကို မြန်မာငွေနဲ့သွားအလဲမှာ ခံလိုက်ရတာပါ၊ အိမ်ရောက်မှ ရလာတဲ့မြန်မာငွေ တစ်သိန်းတစ်အုပ်စီမှာ ၂၇၀၀၀ကျပ်စီလျော့နေတာပါ၊ အရောင်းအဝယ် လုပ်နေတုန်း ကလည်းရွေလာပါတယ်၊ တစ်ခုတော့ရှိတယ်၊ တဖက်လူက ရဲလာတော့မယ် မြန်မြန်လုပ်ပါ လို့ ခဏခဏ ပြောနေတဲ့ကြားက အလောတကြီးရေလာရတာပါ၊ စာဖတ်သူက မဖြစ်နိုင်ဘူးလို့ထင်ပါလိမ့်မယ်၊ဒါပေမဲ့ ခံရတဲ့သူက တကယ်ခံလာရတာပါ၊ အရောင်းအဝယ်ကိစ္စတွေမှာ တကယ်သတိထားစရာကိစ္စပါ၊
မြန်မာပြည်မှာ ငွေတစ်သိန်းအုပ်စီရင်နှစ်မျိုးစည်းနိုင်ပါတယ်(တစ်ထောင်တန်ဖြင့်အလိမ်ခံခဲ့ရပါသဖြင့်တစ်ထောင်တန်ကိစ္စသာပြောပါမည်)ထောင်တန်အရွက်တစ်ရာကို တစ်အုပ်လုပ်စည်းကြသလို ၊ထောင်တန်ဆယ်ရွက်ပါ သောင်းအုပ် ဆယ်အုပ် လုပ်ပြီးလည်းစည်းတတ်ကြပါတယ်၊အခုလိမ်နည်းက အရွက်တစ်ရာထပ်စည်းထားတဲ့တစ်သိန်းအုပ်မှာ လိမ်လို့မရပါဘူး၊ သောင်းအုပ်ဆယ်အုပ်  လုပ်ထားတဲ့တစ်သိန်းအုပ်မှာလိမ်တာပါ၊ အကြမ်းဖျင်းအားဖြင့် သောင်းအုပ်ဆယ်အုပ်ပါတဲ့ တစ်သိန်းအုပ်ကို ရေတွက်ရင် သရေပင်အစည်း မဖြေဘဲအရင်ဆုံး သောင်းအုပ်ဆယ်အုပ်ပြည့်လားအရင် ရေတယ်၊ ပြီးမှ အတွင်းက ထောင်တန်လေးတွေကိုရေမယ်၊ တစ်ရွက် နှစ်ရွက် သုံး လေး……. ရှစ်ရွက် ကိုးရွက်ပြီးရင် တစ်အုပ်၊ နောက်ထပ်ကိုးရွက်ပြီးရင်တစ်အုပ်၊ဒါမျိုးရေတွက်ကြတာပါ၊ကိုးရွက်နဲ့ ဆုံးရင်ပြီးတာဘဲ၊ ပြည့်တယ်ပေါ့၊ကိုးရွက်ဘယ်နှစ်ကြိမ်ပါသွားလဲလို့တော့ မှတ်မထားတတ်ကြပါဘူး၊ အဲ့ဒီအားနည်းချက်ကြောင့် အလိမ်ခံရတာပါ၊ (စာရေးသူကိုယ်တိုင်လည်း အရင်က
အဲလိုမျိုးဘဲရေတွက်ပေမဲ့ ခုတော့ပြင်လိုက်ပါပြီ) အဲလိုမျိုးရေတွက်ရင်တော့ (၂၇၀၀၀)လျော့နေတဲ့ လိမ်ထားတဲ့ တစ်သိန်းအုပ်က သောင်းအုပ်ဆယ်အုပ်ပါမယ်၊ ပြီးရင်ကိုးရွက်ကိုးရွက် ကွက်တိဘဲဖြစ်နေမှာပါ၊ဘာလို့လဲဆိုတော့ မြန်မာငွေတစ်ထောင်တန် ၇၃ရွက်(73000/ks)ထဲ နဲ့တစ်သိန်းအုပ်ပုံစံရအောင် စီထားလို့ပါ၊ အပေါ်က ငွေရွေနည်းအတိုင်းမရွေဘဲနဲ့၊
သောင်းအုပ်ဆယ်အုပ်ပြည့်မပြည့်စစ်ပြီးရင် ထောင်တန် အရွက်ကိုးဆယ်ပြည့်မပြည့်ရေရင်တော့ အလိမ်ပေါ်မှာပါ၊ ထောင်တန်က အရွက်ကိုးဆယ်မဟုတ်ဘဲ ခြောက်ဆယ့်သုံးရွက်ဘဲရှိနေလို့ပါ၊ ကိုးရွက်
(၇)ခါဘဲပါပါတယ်၊ စာဖတ်သူခေါင်းရှုပ်သွားမယ်ထင်ပါတယ်၊
အောက်ကငွေစီနည်းလေးဖတ်လိုက်ရင် ရှင်းသွားပါလိမ့်မယ်။ ကိုယ်တိုင် လုပ်ကြည့်လိုက်ရင် ပိုမြင်သာသွားမှာပါ၊ စာရေးသူလည်း ထောင်တန် (၇၃)ရွက်နဲ့ တော်တော်လေး အချိန်ပေး အလုပ်ရှုပ်လိုက်လို့ ထွက်လာတဲ့ နည်းလေးပါ၊ လိမ်နည်းသိနေ၍ အလိမ်မခံရစေရန်အတွက် ရည်ရွယ်ပါသည်၊ လိမ်နည်းရေးထားသည်ဟု မမှတ်စေလိုပါ၊
တစ်ထောင်တန်၇၃ရွက်ဖြင့်တစ်သိန်းအုပ်ပုံစံရရန်
>>အရင်ဆုံး အရွက်၄၀ ယူပြီး တစ်သောင်းအုပ်လေးအုပ်လုပ်ပါ၊(ဒါကတော့ ပုံမှန်ငွေစီသလိုမျိုးပါ)ဒီလေးအုပ်ကို သပ်သပ်ပုံထားပါ။ ဒါဆို(၇၃)ရွက်ထဲက (၃၃)ရွက်ကျန်ပါမယ်၊
>>ပြီးရင် ငါးရွက်ကိုထပ်ပြီး တစ်ရွက်နဲ့အုပ်ပါ၊ ခြောက်ထောင်အုပ်လို့ သုံးပါမယ်၊ခြောက်ထောင်အုပ် သုံးအုပ်လုပ်ပါ၊ စောစောက သောင်းအုပ်နဲ့ မရောဘဲ သပ်သပ်ပုံထားပါ(မဟုတ်တာ စလုပ်နေပါပြီ)
(၇၃)ရွက်ထဲက ( ၁၅) ရွက် ဘဲကျန်နေပါမယ်


>>နောက်တစ်ဆင့်က လေးရွက်ကိုထပ်ပြီး တစ်ရွက်နဲ့အုပ်ပါ၊ငါးထောင်အုပ်လို့သုံးပါမယ်၊ ငါးထောင်အုပ်လည်း သုံးအုပ်လုပ်ပါ၊စောစောက အုပ်တွေနဲ့ မရောဘဲ သပ်သပ်ပုံထားပါ၊
ဒီအဆင့်ပြီးသွားရင်တော့ (၇၃)ရွက်ကုန်ပါပြီ၊ သင့်ဆီမှာ လဲ ငွေအုပ်ပုံ သုံးပုံရနေမှာပါ ( တစ်သောင်းအုပ်ပုံ၊ ခြောက်ထောင်အုပ်ပုံ၊ ငါးထောင်အုပ်ပုံ)
>>နောက်ဆုံးလုပ်ရမှာက အောက်က အစီစဉ်အတိုင်း တစ်အုပ်ပြီးတစ်အုပ်ထပ်စီဖို့ပါ၊ အစီစဉ်မလွဲဖို့ လိုပါမယ်၊ အရင်ဆုံး တစ်သောင်းအုပ်နှစ်အုပ်၊ ပြီးရင် ခြောက်ထောင်အုပ်တစ်အုပ်၊ ပြီးရင် ငါးထောင်အုပ်တစ်အုပ် (ရေတွက်တဲ့အခါ အပေါ်အုပ်နှစ်ရွက်မပါဘဲ၊ နှစ်အုပ်ပေါင်းကိုးရွက်ဖြစ်နေရန်ဖြစ်သည်) ပြီးရင်ခြောက်ထောင်အုပ်တစ်အုပ်၊ ပြီးရင် ငါးထောင်အုပ်တစ်အုပ်
ပြီးရင်ခြောက်ထောင်အုပ်တစ်အုပ်၊ ပြီးရင် ငါးထောင်အုပ်တစ်အုပ် ပြီးရင် တစ်သောင်းအုပ်နှစ်အုပ် ၊ ပြီးရင်တော့ သရေပင်နဲ့ သိန်းအုပ်အုပ်သလိုပတ်ချီပစ်လိုက်၊ ပြီးရင် ရွေကြည့်လိုက်ပါ၊ အပေါ်ကအတိုင်း အစီစဉ်မလွဲခဲ့ဘူး ဆိုရင်တော့ သင့် ရဲ့ ၇၃ရွက်နဲ့သိန်းအုပ်က ၊ဆယ်အုပ်ပြည့်ပြီး၊ကိုးရွက်ကိုးရွက် အတိဖြစ်နေပါလိမ့်မယ်၊လိမ်လည်သူသည် အထက်ပါနည်းကိုသုံးထားသလို ငွေရေတွက်ချိန်မှာလည်း စိတ်စော၊ စိတ်လောစေရန် ဘေးမှလုံ့ဆော်၍ ၎င်းတို့လိမ်လည်မှု အထမြောက်ရန် လုပ်ဆောင်ပါလိမ့်မယ်၊ ဤနည်းကိုဒေါ်လာဝယ်ရောင်းကိစ္စများတွင်သာမက အခြားသောနေရာများတွင်လည်း သုံးနိုင်ကြောင်း ကို ဂရုပြုသင့်ပါသည်။
မည်သို့ပင်ဖြစ်စေ၊ ငွေကို ကိုးရွက်ကိုးရွက်ဟု မရေတွက်လျှင်၎င်း၊ (၂၇)ရွက် တောင်လျော့နေတဲ့တစ်သိန်းအုပ်ဟာ သာမန်ထက် ထုအားဖြင့်ပါးနေကြောင်း သတိထားလျှင်၎င်း ငွေကြေး အလိမ်ခံ ရခြင်းမှကင်းဝေးနိုင်မည်သာဖြစ်ပါသည်…
လိမ်ညာခံရခြင်းမှကင်းဝေးနိုင်စေရန်ရည်ရွယ်၍ forward mail မှ ပြန်လည်ဖေါ်ပြပါသည်။
***************************


Fwd mail မှရတာကိုဖတ်ပြီး သတိရလို့ ဖောက်သယ်ပြန်ချတာပါ။သူငယ်ချင်းတစ်ယောက် မကာအိုသွားမယ်ဆိုတော့ ဆူးလေမှာအတူ ဒေါ်လာသွားရောင်းပါတယ်။တကယ်ပဲ ဒီလိုဖြစ်ရပ်မျိုးနဲ့  ကြုံရပါတယ်။ ပွဲစားတွေကရဲလာမယ်ဆိုတာနဲ့ သူငယ်ချင်းက ကောက်ပြီးအိတ်ထဲထည့်ပါတယ်။ဒီမှာကျွန်တော်နဲ့ တခြားသူငယ်ချင်းက ရဲ လာတော့လဲ ဘာဖြစ်လဲ။ မြန်မာငွေရေ တာပဲ။လာချင်လာပါလေ့စေဆိုပြီး ဆက်ရေမှလျော့နေတာတွေ့ ရတယ်။ဒီတော့ ထပ်မံဖြည့်စွက်အကြံပေးလိုတာက ရဲလာမယ်ဆိုတိုင်းမကြောက်ပါနဲ့ ။ ကာကွယ်တာက ပိုစိတ် ချတယ်ဆိုရင် လုံခြုံအေးချမ်းတဲ့နေရာ၊ လဘက်ရည်ဆိုင်တခုကိုခေါ်သွားပါ။စိတ်အေးလက်အေးရေတွက်ပါ။ပန်းဆိုးတန်းဘက်မှာ လဘက်ရည်ဆိုင်တွေပေါပါတယ်။ အဆင့်မြင့် air con: မရှိတဲ့ကော်ဖီဆိုင်တွေလဲရှိတာပါပဲ။ ဘယ်ရဲမှလာမစစ်ပါဘူး။သူတို့  ရောင်းချင်၊၀ယ်ချင်ရင် ဘယ်လောက်ဝေးဝေးလိုက်လာပါလိမ့်မယ်။ သူတို့ အကျင့်က လူအုပ်စုနဲ့ လာတတ်ပါတယ်။
၃/၄ယောက်နဲ့ လာလို့ မကြောက်ပါနဲ့ ။ကိုယ်ကလဲ အနဲဆုံးအဖော်၁ယောက် ခေါ်သင့်ပါတယ်။ မိန်းခလေးဆိုရင်လဲ ယောက်ကျားလေးအဖော်ခေါ်သင့်ပါတယ်။ သူတို့ ခြောက်တိုင်းမကြောက်ပဲ ခေါင်းအေးအေးနဲ့ ဆုံးဖြတ်နိုင်ကြပါစေ…………….
အလိမ်အညာမှကင်းဝေးကြပါစေ……………………………………..

Steve Jobs မိန့်ခွန်း

၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော *Stanford *တက္ကသိုလ်
ဘွဲ့နှင်းသဘင် အခမ်းအနား တွင် *Apple Computer* နှင့်* Pixar Animation
Studio*တို့ကို စတင်တည်ထောင်ခဲ့သူ *Steve Jobs* ပြောကြားခဲ့ သည့်
မိန့်ခွန်း
ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခု ရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံစကားပြော ခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း
ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း
ပြောရရင် ဘွဲ့နှင်းသဘင် အခမ်း အနား ဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ
ဘွဲ့နှင်း သဘင်အခမ်းအနားမှာ ကျွန်တော့ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။
မိန့်ခွန်းအရှည်ကြီး မဟုတ် ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။
ဇာတ်လမ်း သုံးပုဒ် ထဲပါ။
ပထမဆုံးဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။ ကျွန်တော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက် ခဲ့ပါတယ်။ ဒါပေမဲ့
ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ ပါတယ်။ ကျွန်တော် ဘာကြောင့် ကျောင်းထွက် ခဲ့ရတယ်ထင်ပါသလဲ။
ဒီ ဇာတ်လမ်းက ကျွန်တော် မမွေးခင် အချိန်က စပြီး ပြောပြရမှာပါ။
ကျွန်တော့ကို ကိုယ်ဝန် ရှိတဲ့အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့
ဘွဲ့လွန်ကျောင်းသူ တစ်ယောက်ပါ။ အဲဒါကြောင့်လည်း ကျွန်တော့ကို မွေးစားဖို့
ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့ကို မွေးစားမဲ့ မိဘများဟာ
ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့
ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တစ်ယောက်နဲ့ သူ့ဇနီးတို့က ကျွန်တော့ကို
မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင်စီစဉ် ထားခဲ့ပါတယ်။ ဖြစ်ချင်တော့
ကျွန်တော် ကို "အူဝဲ" ဆိုပြီး မွေးလိုက် တဲ့ အချိန်မှာ သူတို့က
မိန်းကလေးမှ လိုချင်ပါတယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့
အချိန်မတော် ညကြီးသန်းခေါင်မှာ မွေးစား မိဘ လောင်း တန်းစီစာရင်းထဲက
ကျွန်တော့မိဘ များကို ဖုံး ဆက်ခဲ့ပါတယ်။ "ဒီမှာ မမျှော်လင့်ဘဲ ယောကျာင်္းလေး
တစ်ယောက် ရထားတယ်။ ယူမလား..." တဲ့။ မိဘများကလဲ "သိပ်ယူတာပေါ့..." တဲ့။
အဲဒီလို ပေးလိုက်ပြီးမှ ကျွန်တော့ ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊
ကျွန်တော့ရဲ့ အဖေ ဟာလဲ အထက် တန်းကျောင်းတောင်မှ မအောင်တာကို ကျွန်တော့
မွေးမိခင်က သိသွား တာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း
လက်မှတ်ထိုး မပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျွန်တော့ရဲ့
မိဘတွေက ကျွန်တော့ကို "တက္ကသိုလ် ထားပေးပါ့မယ်..." လို့ ကတိပေးမှ
မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။
နောက် ၁၇နှစ် အကြာမှာတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်ဟာ အဆင်အခြင်ကင်းမဲ့စွာ နဲ့ Stanford တက္ကသိုလ်နီးပါး
စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျွန်တော့ရဲ့ တတ္ကသိုလ်ပညာရေး
အတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေအားလုံးကို
ကျွန်တော်သုံးမိရက်သားဖြစ်သွား
ပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာရေးဟာ တကယ်ပေးရ တာနဲ့တန်တယ်လို့
ကျွန်တော်မထင်တော့ပါဘူး။ အဲဒီအချိန်က ကျွန်တော့မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျွန်တော့ရဲ့ ဘဝရည်မှန်းချက်ကို
ဘယ်လိုလုပ်ပြီး အဖြေထုတ် ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့မရခဲ့ပါ။ ဒီတော့
ကျွန်တော်ဟာ မိဘတွေရဲ့ တစ်သက်စာစုငွေ ကို တက္ကသိုလ်မှာလာ ပြီး
ဖြုံးနေတာပါဘဲ။
ဒါနဲ့ကျွန်တော်လဲ တက္ကသိုလ်ကထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီးလုပ်ခဲ့တာပါ။ အဲဒီတုန်း ကတော့ ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား
ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့ရဲ့ အကောင်းဆုံး
ဆုံးဖြတ်ချက်တစ်ခုပါ။
ကျောင်းကထွက်လိုက်တာနဲ့ချက်ချင်းဘဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာမလိုတော့တာကြောင့် တက်ချင် စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင်ကျောင်းသားလုပ်ခဲ့ပါတယ်
ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျွန်တော့မှာ နေစရာအခန်း မရှိတော့ပါဘူး။ ဒီတော့ကျွန်တော့သူငယ်ချင်းတွေရဲ့ အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကိုလိုက်စုပြီး
ပြန်အပ်လို့ရတဲ့ တစ်ပုလင်း ၅ဆင့် ဆိုတဲ့ ပိုက်ဆံ နဲ့ ဗိုက်ဖြည့် ရပါတယ်။
တနင်္ဂနွေနေ့ညတိုင်း ခုနှစ်မိုင် လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူ
ဘုရားကျောင်းမှာ ထမင်းတနပ် အဝသွားစားရပါတယ်။ စားလို့ အင်မတန် ကောင်းပါတယ်။
စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း
ကြုံကြိုက်ခဲ့တာ အတော်များများဟာ
နောက်ပိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေး တစ်ခုပေးပါရစေ။
အဲဒီအချိန်က Reed College မှာ ရှိတဲ့ စာလုံးအလှရေးနည်းသင်တန်းဟာ
တစ်နိုင်ငံလုံး မှာ အကောင်းဆုံးသင်တန်းပါ။ တက္ကသိုလ်နယ်မြေ တစ်ခုလုံးမှာ
ရှိသမျှ ပိုစတာတွေ၊ စာတန်းတွေ၊ နာမည်တွေဟာ အင်မတန်လှပတဲ့
လက်ရေးစာလုံးတွေနဲ့ ချယ်သထားပါတယ်။ ကျောင်းက ထွက်လိုက်ပြီ ဆိုတော့
ပုံမှန်သင်တန်းတွေ တက်စရာ မလိုတော့တဲ့ ကျွန်တော်ဟာ
စာလုံးအလှရေးနည်းသင်တန်းကို ဝင်တက်ပြီး အတတ်သင်ခဲ့ပါတယ်။ စာလုံး
ပုံစံတွေထဲမှာ Serif စာလုံးပုံ၊ San Serif စာလုံးပုံတွေ အကြောင်းကို
သင်ယူခဲ့ပါတယ်။ စာလုံးတစ်လုံး နဲ့တစ်လုံးကြားမှာ ဘယ်လို အနီးအဝေး
ခြားတယ်ဆိုတာ လေ့လာခဲ့ပါတယ်။ စာလုံးရေးနည်းပညာရဲ့ နက်ရှိုင်းမှုကို
တွေ့ရှိခဲ့ပါတယ်။ ဒီပညာရပ်ဟာ အင်မတန်လှပတဲ့၊ သမိုင်းဝင်တဲ့၊
အနုပညာမြောက်ပြီး၊ သိဎ္ပံနည်းနဲ့ စူးစမ်းလို့မရတဲ့ ပညာပါ။ ဒီပညာ ရပ် က
ကျွန်တော့ကို ညှို့ယူဖမ်းစား ခဲ့ပါတယ်။
ဒါတွေကို ကျွန်တော့ဘဝမှာ ဘယ်လိုလက်တွေ့အသုံးဝင်မလဲ ဆိုတာကိုတော့
မျှော်လင့်မထားခဲ့ပါဘူး။ ဒါပေမဲ့ နောင် ၁၀နှစ် အကြာမှာ ပထမဆုံး Macintosh
ကွန်ပျုတာကို ဒီဇိုင်းဆွဲတဲ့ အခါမှာတော့ ဒီပညာရပ်ကို ပြန်လည်ပြီး
သတိရလာခဲ့ပါတယ်။ ဒီပညာရပ် ကို အစွမ်းကုန်သုံးပြီး Mac ကို
ဒီဇိုင်းလုပ်ခဲ့တာပါ။ Mac ဟာ ကမ္ဘာ့ပထမဦးဆုံး စာလုံးအလှ တွေသုံးတဲ့ PC
ကွန်ပျုတာပါ။ တက္ကသိုလ်က ဒီသင်တန်းကိုသာ ကျွန်တော်မတက်ခဲ့ရင် Macintosh
ကွန်ပျုတာ မှာ အင်မတန်သေသပ်ပြီး အစိပ်အကျဲအချိုးကျ လှပတဲ့စာလုံးတွေ
ထည့်ပေးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ပြီးတော့ *Windows
ဆိုတာကလဲ Mac က စာလုံးတွေကိုဘဲ ကူးချထားတာဆိုတော့* PC တွေပေါ်မှာ စာလုံးအလှ
ပေါ်ထွက်ခဲ့မှာ မဟုတ်ဘူး လို့တောင် ပြောကောင်း ပြောနိုင်ပါလိမ့်မယ်။
ကျွန်တော်ကျောင်းမထွက်ခဲ့ရင်
စာလုံးအလှသင်တန်းကို တက်ခဲ့မှာမဟုတ်ပါ။ ဒီသင်တန်းကို ကျွန်တော်မတက်ခဲ့ရင်
PC တွေပေါ်မှာ စာလုံးလှလှ လေးတွေ ရှိကောင်းမှရှိမှာပါ။ မှန်ပါတယ်။
ကျွန်တော်တက္ကသိုလ် တက်နေစဉ်အခါကတော့ အနာဂါတ်ကို ကြိုမြင်ပြီး
ဒီအကျိုးအကြောင်း တွေကို ဆက်စပ်ပုံဖော်ကြည့်ဖို့ဆိုတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ နောင်၁၀နှစ်ကြာ အပြီး အတိတ်ကို ပြန်ကြည့်တဲ့အခါမှာတော့ ဒီဆက်စပ်မှုတွေကို
ရှင်းရှင်းကြီး တွေ့နေရပါတယ်။
ထပ်ပြောရမယ်ဆိုရင်တော့ ရှေ့အနာဂါတ်မှာ ဘာတွေဘယ်လို ဆက်စပ်ပုံပေါ်လာမယ် ဆိုတာကို ကျွန်တော်တို့မမြင်နိုင်ပါ။
နောက်ပြန်ကြည့်မှသာ ဆက်စပ်မှုတွေကို တွေ့နိုင်တာပါ။ ဒါကြောင့်မို့
ဘွဲ့ရမောင်မယ်တို့တွေဟာလဲ အနာဂါတ်မှာ ဖြစ်ရပ်တွေဆက်စပ်ပြီး
ပုံပေါ်လာလိမ့်မယ်လို့ ယုံကြည်ထားရပါလိမ့်မယ်။ ဘွဲ့ရမောင်မယ်တို့တတွေဟာ
မိမိရဲ့ ရင်တွင်းခံစားချက်ကို ယုံကြည်မှုရှိပါ။ ကံစီမံတယ်ဆိုတာ ယုံပါ။
ကံ၏အကျိုးဆိုတာ
ယုံပါ။ တစ်ခုခုကိုတော့ယုံပါ။ ဒီယုံကြည်ချက်ကြောင့် ကျွန်တော်ဂျောက်ကျခဲ့ရတယ်ဆိုတာ ဘယ်တော့မှမရှိခဲ့ပါ။ ကျွန်တော့ဘဝကို အကြီးအကျယ် ပြောင်းလဲစေခဲ့တာ ဒီယုံကြည်ချက်ကြောင့်ပါဘဲ။
ကျွန်တော့ရဲ့ ဒုတိယ ဇာတ်လမ်း ကတော့ အချစ် နဲ့ အရှုံး အကြောင်းပါ။ ကျွန်တော်ကံကောင်းခဲ့ပါတယ်။ ကျွန်တော်တကယ် စွဲစွဲလမ်းလမ်း ချစ်ခင်မိတဲ့ အလုပ်ဟာ ဘာလဲ ဆိုတာ အသက်ငယ်ငယ်မှာရှာဖွေတွေ့ရှိခဲ့တာပါ။ ကျွန်တော့မိဘတွေရဲ့ ကားဂိုဒေါင် ထဲမှာ Apple ကို Woz နဲ့အတူ စတင
်တည်ထောင်စဉ်က ကျွန်တော်အသက် ၂၀ ဘဲရှိပါသေးတယ်။ ကျွန်တော်တို့ ၂ယောက်
တကယ်အလုပ်ကြိုးစား ခဲ့ကြတာပါ။ Apple ဟာ ၁၀နှစ် အတွင်းမှာ ကားဂိုဒေါင် ထဲက
ကျွန်တော်တို့ ၂ ယောက်ကနေပြီး ဒေါ်လာ သန်း ၂ ထောင်တန် ဝန်ထမ်း ၄ ထောင်
ရှိတဲ့ ကုမ္ပဏီကြီး ဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ အကောင်း ဆုံး
တီထွင်မှုဖြစ်တဲ့ Macintosh ကို ဈေးကွက် တင်ပြီး တစ်နှစ် လောက်
ကျွန်တော်လဲ အသက် ၃၀ ပြည့်ပြီးခါစလေးပါ။
အဲဒီမှာ - ကျွန်တော်အလုပ်က အထုတ်ခံရပါတယ်။ ကိုယ်တိုင်တည်ထောင်ခဲ့တဲ့
ကုမ္ပဏီကနေ ဘယ်လိုလုပ်ပြီး အထုတ်ခံရနိုင်ပါ့မလဲ။ အဲ - ဇာတ်လမ်းက
တော့ဒီလိုပါ။
Apple ကုမ္ပဏီကြီး ပွါးလာတဲ့အချိန်မှာ ကျွန်တော်က အင်မတန်တော်တယ်လို့
ထင်ခဲ့တဲ့ လူတစ်ယောက်ကို ကျွန်တော်နဲ့အတူ ကုမ္ပဏီမှာ စီမံခန့်ခွဲဖို့
အလုပ်ခန့်ခဲ့ကြပါတယ်။ ပထမတစ်နှစ်လောက်ကတော့ အတော်လေးအဆင်ပြေပါတယ်။ ဒါပေမဲ့
တဖြေးဖြေးနဲ့ အနာဂါတ်အလားအလာ တွေ ကို အမြင်မတူတာတွေ ပေါ်လာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အကြီးအကျယ် ကတောက်ကဆ ဖြစ်တဲ့အထိပါဘဲ။ ဒီကတောက်ကဆ ဖြစ်တဲ့
အခါမှာ
ဒါရိုက်တာအဖွဲ့က သူ့ဖက်ကရပ်ခဲ့ပါတယ်။ ဒါနဲ့ အသက် ၃၀ မှာ အလုပ်လက်မဲ့
ဖြစ်သွားပါတယ်။ တကဲ့ကို ဟိုးလေးတကျော် ဖြစ်ပြီး အလုပ်ထုတ် ခံရတာပါ။
ကျွန်တော့ရဲ့ ဘဝ တစ်ခုလုံးကို ပုံပြီး စိုက်လိုက်မတ်တပ်လုပ်ခဲ့တဲ့ အရာကြီးကို ဆုံးရှုံးခဲ့တာ ပါ။ ဒါဟာ ကျွန်တော့အတွက် အင်မတန် တုန်လှုပ်စရာ၊ ကြေကွဲစရာ ဖြစ်ခဲ့ ပါတယ်။
လပေါင်းအတော်ကြာ တကဲ့ကို ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်ခဲ့တာပါ။ တီထွင်သူ လုပ်ငန်းရှင် မျိုးဆက်ဟောင်းကြီးများအပေါ်မှာ
ကျွန်တော် တာဝန်မကျေဘူး လို့လဲ ခံစားခဲ့ရပါတယ်။ သူတို့က
လက်ဆင့်ကမ်းပေးခဲ့တဲ့ တာဝန်ကို ပေါ့လျော့မိတဲ့၊ လက်ဆင့်ကမ်းပြေးပွဲမှာ
တုတ်တိုင် ပြုတ်ကျခဲ့တဲ့သူလို ခံစားရတာပါ။ ကျွန်တော် David Packard နဲ့
Bob Noyce တို့ကို သွားတွေ့ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့ကြောင့် ပြဿနာ
အကြီးအကျယ် ဖြစ်ခဲ့တာကို ကြိုးစားပြီးတောင်းပန်ခဲ့ပါတယ်။
ကျွန်တော့ကျဆုံးခန်းဟာ ဟိုးလေးတစ်ကျော် ဖြစ်ခဲ့တာပါ။ Silicon Valley
ကနေပြီး အရှုံးပေး ထွက်ပြေး သွားဖို့ အထိတောင် ကျွန်တော်စဉ်းစားခဲ့ပါတယ်။
ဒါပေမဲ့အချက်တစ်ချက်ကို ကျွန်တော် တဖြေးဖြေး နဲ့ သတိပြုမိလာပါတယ်။
အဲဒါကတော့ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်ကို ကျွန်တော် ချစ်ခင်ဆဲ၊ စွဲလမ်းဆဲ
ဆိုတာပါဘဲ။ Apple မှာ ဖြစ်ခဲ့တဲ့ ကမောက်ကမ ဖြစ်ရပ်တွေဟာ ကျွန်တော့ ရဲ့
အလုပ်အပေါ် စွဲလမ်းမှု အပေါ်မှာ အရာမထင်ခဲ့ပါဘူး။ ကျွန်တော့ကို
ကန်ထုတ်တာခံရပေမဲ့ ကျွန်တော်ကတော့ ချစ်ခင်စွဲလမ်းလျှက်ပါ။ ဒါကြောင့်လဲ
ကျွန်တော် တစ်ကနေ ပြန်စဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Apple ကနေပြီး အလုပ်ဖြုတ်ခံရတာဟာ ကျွန်တော့ဘဝတစ်လျှောက်လုံး ဖြစ်နိုင်ခဲ့သမျှထဲမှာ အကောင်းဆုံးအဖြစ်ပါ။ အဲဒီအချိန်ကတော့
ဒီလိုမတွေးခဲ့မိပါဘူး။ အောင်မြင်မှုဆိုတဲ့ ဝန် ထုပ် ဝန်ပိုးကြီးကို
ပေါ့ပေါ့ပါးပါး လူသစ်တစ်ခါ ပြန်ဖြစ်ရတယ်ဆိုတာနဲ့ လဲလိုက်ရတာပါ။
အရာရာတိုင်းမှာ
မသေချာ မှုတွေချည်းပါဘဲ။ ဒီဖြစ်ရပ်ကဘဲ ကျွန်တော့ကို အနှောင်အဖွဲ့တွေက
ကင်းလွတ်ခွင့်ပေးပြီး ကျွန်တော့ဘဝရဲ့ ဖန်တီးမှုအား အကောင်းဆုံးကာလကို
စတင်စေခဲ့ပါတယ်။
နောက် ၅ နှစ် အတွင်းမှာတော့ NeXT ဆိုတဲ့ ကုမ္ပဏီကို
ကျွန်တော်တည်ထောင်ပါတယ်။ Pixar ဆိုတဲ့ ကုမ္ပဏီကို ကျွန်တော်တည်ထောင်ပါတယ်။
ပြီးတော့ အင်မတန် ပြည့်ဝတဲ့ အမျိုးသမီးတစ်ယောက်နဲ့မေတ္တာမျှပြီး ကျွန်တော်အိမ်ထောင်ပြု ခဲ့ပါတယ်။ Pixar ကတော့ ကမ္ဘာ့ပထမဆုံး
ကွန်ပျုတာကာတွန်းကားကို ဖန်တီးထုတ်လုပ်ခဲ့တာပါ။ ခုချိန်မှာတော့ Pixar ဟာ
ကမ္ဘာ့ အအောင်မြင်ဆုံးကာတွန်းရုပ်ရှင် စတူဒီယို
ဖြစ်နေပါပြီ။ ပြောစမှတ်ပြုစရာ အလှည့် အပြောင်းမှာ Apple က ကျွန်တော့ရဲ့
NeXT ကုမ္ပဏီကို ဝယ်ပါတယ်။ ကျွန်တော် Apple ကို ပြန်ရောက်သွားပါတယ်။ NeXT
မှာ ကျွန်တော်တို့စတင်ခဲ့တဲ့နည်းပညာဟာ Apple ပြန်လည် ဆန်းသစ်ခြင်းရဲ့ ဗဟိုချက်မှာ ရှိပါတယ်။ Laurene နဲ့
ကျွန်တော်တို့ကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုလေးတခု ဖြစ်လာပါတယ်။
ကျွန်တော်သာ Apple က အလုပ်ထုတ်မခံခဲ့ရရင် ဒါတွေတစ်ခုမှ ဖြစ်လာမှာ မဟုတ်တာ
အတော်သေချာပါတယ်။ အလုပ်ထုတ်ခံရခြင်းဟာ အင်မတန်အဝင်ဆိုးတဲ့ ဆေးခါး ကြီးပါ။
ဒါပေမဲ့ လူနာကိုကြည့်ရတာလဲ ဒီလိုဆေးမျိုး လိုနေပုံ ပါဘဲ။ တစ်ခါတစ်လေ
တော့လဲ ဘဝမှာ ခေါင်းကိုအုတ်ခဲနဲ့ထုသလို ခံရတာမျိုး ရှိပါတယ်။
မိမိယုံကြည်ရာကို မစွန့်လွှတ်ပါနဲ့။ ကျွန်တော့ရဲ့ဘဝ တစ်လျှောတ်လုံးမှာ
အရာရာကို ဖြတ်ကျော်ဖို့
ခွန်အားပေး နေခဲ့တာဟာ ကျွန်တော့အလုပ်ကို ကျွန်တော် ချစ်ခင်စွဲလမ်းမှုဘဲလို့
ကျွန်တော်ယုံကြည် ပါတယ်။ ဘွဲ့ရမောင်မယ် တို့လဲ ကိုယ့်ရဲ့
အချစ်စစ်အချစ်မှန်ကို တွေ့အောင်ရှာပါ။ ဒီအဆိုဟာ မောင်မယ် တို့ရဲ့
ချစ်သူရည်းစားရှာဖို့နဲ့ ဆိုင်သလို အလုပ်ရှာဖို့နဲ့လဲ သက်ဆိုင်ပါတယ်။
ခုချိန်ထိမတွေ့သေးဘူးဆိုရင်လဲ
တွေ့တဲ့အထိ ဆက်ရှာပါ။ ရရာနဲ့မကျေနပ်ကြပါနဲ့။ နှလုံးသားရေးရာကိစ္စဆိုတော့
တွေ့ပြီလား၊ မတွေ့သေးဘူးလား ဆိုတာကို ကိုယ့်ဟာကိုယ် သိလာပါလိမ့်မယ်။
ပြီးတော့ ဘဝအဖော်မွန်တွေရဲ့ သဘာဝအတိုင်း နှစ်ကြာလေပိုပြီး ခိုင်မြဲလာလေလေ
ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မောင်မယ်တို့ အချစ်စစ် အချစ်မှန်ကို
တွေ့အောင်ရှာကြပါ။ ရရာလေးနဲ့ မရောင့်ရဲလိုက်ကြပါနဲ့။
ကျွန်တော့ရဲ့ တတိယ ဇာတ်လမ်းကတော့ သေခြင်းတရား အကြောင်းပါ။ ကျွန်တော်အသက် ၁၇နှစ် မှာ ကောက်နှုတ်ချက် စာသားတစ်ခု ဖတ်ခဲ့ရပါတယ်။
မှတ်မိသလောက်ဆိုရင်တော့ "နေ့တိုင်းကို သင့်ဘဝရဲ့ နောက်ဆုံးနေ့အဖြစ်
နေထိုင်ခဲ့ရင် တနေ့မှာတော့ အဲဒီအတိုင်းဖြစ်လာဖို့ သေချာပါတယ်..." တဲ့။
ဒီစာသားက ကျွန်တော့စိတ် မှာထင်ဟပ် သွားခဲ့ပါတယ်။ အဲဒီကစပြီး နောက်၃၃
နှစ်လုံး မနက်အိပ်ရာထမှာ မှန်ကို ကြည့်ပြီး ကိုယ့်ကိုကိုယ် မေးခဲ့ပါတယ်။
"ဒီနေ့သာ ငါ့ဘဝရဲ့နောက်ဆုံးနေ့ဆိုရင်
ဒီနေ့ လုပ်မဲ့အလုပ်တွေကို ငါ လုပ်ချင်ပါ့မလား..." မေးခွန်းရဲ့ အဖြေဟာ
ရက်ပေါင်းများစွာ ဆက် တိုက် "မလုပ်ချင်ဘူး" ဖြစ်နေပြီဆိုရင်တော့
အပြောင်းအလဲ တစ်ခုခုလုပ်ဖို့ လိုနေပြီလို့ ကျွန်တော် သိလိုက်ပါတယ်။
ဘဝအတွက် အလွန်အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကိုချရာမှာ အရေးကြီးဆုံး အထောက်အပံ့ကိရိယာအဖြစ် ကျွန်တော်တွေ့ရှိခဲ့တာကတော့
သေခြင်းတရားဟာ လက်တကမ်းမှာဘဲ ရှိတယ်လို့ သတိချပ်ခြင်းပါ။ ဘာလို့လဲဆိုတော့
အရေးမပါတဲ့ မျှော်မှန်းချက်တွေ၊ ဂုဏ်မာနတွေ၊ အရှက်ကွဲမှာ ဒါမှမဟုတ်
ရှုံးနိမ့်မှာကို ကြောက်တဲ့စိတ်တွေ ဒါတွေ အားလုံးနီးပါးဟာ သေခြင်းတရား
ဆိုတာနဲ့ ရင်ဆိုင်တွေ့လိုက်ရင် အလိုလို ပျောက်ကွယ်သွားပြီး တကယ့်ကို အရေး
ကြီး တဲ့အရာတွေသာ ကျန်ရစ်ခဲ့ပါတယ်။ မင်းမှာ လက်လွှတ် ဆုံးရှုံးစရာ
ပိုင်ဆိုင်မှုတွေရှိတယ်ဆိုတဲ့ အတွေးထောင်ချောက်ကို
ရှောင်လွှဲဖို့ နည်းလမ်းတွေထဲမှာ ကျွန်တော်သိတဲ့ အကောင်းဆုံး နည်းကတော့
မင်းဟာ သေရတော့မှာဘဲလို့ သတိချပ်ခြင်း ပါ ။ မင်းဟာ ဗလာထီးထီး
ကိုယ်ချည်းဖြစ်သွားပါပြီ။ အဲဒီတော့ ကိုယ့်နှလုံးသားရဲ့ ခေါ်ရာ နောက်ကို
မလိုက်ဘဲနေဖို့ရာ အကြောင်းမရှိတော့ပါ။
လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော့မှာ ကင်ဆာရောဂါရှိတယ်လို့
တွေ့ရှိခဲ့ပါတယ်။ မနက် ၇နာရီ ခွဲမှာ ဆေးဓာတ်မှန်ရိုက်ပါတယ်။ ကျွန်တော့ရဲ့
သရက်ရွက် (Pancreas) မှာ အကြိတ်ရှိတာ ဓာတ်မှန်မှာ ထင်းထင်းကြီး
ပေါ်နေပါတယ်။ သရက်ရွက် ဆိုတာဘာလဲဆိုတာတောင်မှ ကျွန်တော်မသိခဲ့ပါ။ ဒီလို
ကင်ဆာမျိုးဟာ ကုစရာဆေးမရှိတဲ့ ကင်ဆာမျိုးဖြစ်ဖို့ အတော်သေချာတယ်လို့
ကျွန်တော့ကို ဆရာဝန်ကြီးတွေက ပြောခဲ့ပါတယ်။ ပြီးတော့ နောက် ၃လ ကနေ ၆လ
အထိဘဲနေရဖို့ မျှော်လင့်ထားပါလို့ ပြောပါတယ်။ ဒါဟာဘာအဓိပ္ပါယ်လဲဆိုတော့
ကျွန်တော့ရဲ့ ကလေးတွေကို နောင် ၁၀နှစ်
အတွင်း မှာ ပြောပြဖို့ စဉ်းစားထားသမျှကို နောင်လ အနည်းငယ် အတွင်းမှာ
အကုန်အစင်ပြောဖို့ ကြိုးစားပါ ဆိုတဲ့ အဓိပ္ပါယ် ပါဘဲ။ ကျန်ရစ်သူမိသားစု
ဒုက္ခမများရလေအောင် ရှိသမျှ ကိစ္စတွေအားလုံးကို လက်စသိမ်းပါဆိုတဲ့ အဓိပ္ပါယ်ပါ။ သွားတော့မယ်လို့ နှုတ်ဆက်တော့ဆိုတဲ့ အဓိပ္ပါယ်ပါ။
တစ်နေ့လုံး ဒီကင်ဆာ အကြောင်းကဘဲ ကျွန်တော့ကို လွှမ်းမိုးထားခဲ့ပါတယ်။
အဲဒီနေ့ ညနေမှာ တော့ အသားစ ထုတ်ပြီး ဆေးစစ်ခံခဲ့ရပါတယ်။ ခန္တာကိုယ်
အတွင်းပိုင်းကြည့် ကရိယာကို ကျွန်တော့လည်ချောင်း ထဲကတစ်ဆင့်
အစာအိမ်ကိုဖြတ်ပြီး အူသိမ်ထဲကို ရောက်အောင် ထည့်ပါတယ်။ ပြီးတော့မှ
ကျွန်တော့ရဲ့ သရက်ရွက်ကို အပ်နဲ့စိုက်ပြီး အသားစ အနည်းငယ်ကို
ထုတ်ယူပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မေ့ဆေးနဲ့
မျောနေခဲ့ပါတယ်။ ဒါပေမဲ့ အတူရှိနေတဲ့ ဇနီးက ပြန်ပြောခဲ့တာက ဒီအသားစကို
အဏှုကြည့် မှန်ဘီလူးအောက်မှာ ကြည့်ခဲ့တဲ့ ဆရာဝန်ကြီးတွေ "ဟေးကနဲ..."
ထပြီးအော်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ကင်ဆာဟာ အင်မတန်မှ
ရှားပါးတဲ့ ခွဲစိတ်ပြီးကုသလို့ရတဲ့ သရက်ရွက်ကင်ဆာမျိုး ဖြစ်နေလို့ပါ။
ကျွန်တော် ခွဲစိတ်ကုသခံခဲ့ရပါတယ်။ ကျွန်တော် အခုနေကောင်းပါပြီ။
ဒါဟာ ကျွန်တော့အဖို့ သေခြင်းတရားနဲ့အနီးကပ်ဆုံးရင်ဆိုင်ဖြစ်ခဲ့ခြင်းပါဘဲ။ နောင် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာလဲ ဒီထက်ပိုပြီးနီးနီးစပ်စပ်
မတွေ့ကြုံရတော့ဘူးလို့ မျှော်လင့် ပါတယ်။ ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရတဲ့
အတွက်ကြောင့် ဘွဲ့ရမောင်မယ်တို့ကို သေခြင်း တရားအကြောင်း ပြောပြရာမှာ
သုံးဖြစ်ရုံ ဥာဏ်သိအဓိပ္ပါယ်ဖွင့်ဆိုချက်ထက် နဲနဲပိုပြီး သေသေချာချာ ကျွန်တော်ပြောနိုင်ပါပြီ။
*ဘယ်သူမှမသေချင်ပါဘူး။ ကောင်းကင်ဘုံကို သွားချင်တဲ့သူများတောင်မှ
အဲဒီကိုရောက်ဖို့ မသေချင်ကြပါဘူး။ သို့သော်လည်း လူတိုင်းဟာ တစ်နေ့တော့
သေကြရမှာပါ။* ခုထက်ထိ သေခြင်းတရားကို လွန်ဆန်နိုင်တဲ့သူ ဆိုတာ မရှိသေးပါ။
ဒါဟာလဲ ဖြစ်သင့်လို့ပါ။ ဘဝတရားရဲ့ တစ်ခုတည်းသော အကောင်းဆုံးဖန်တီးမှုဟာ
မရဏတရား ဖြစ်စရာအကြောင်း ရှိပါတယ်။ မရဏတရားဟာ ဘဝဖြစ်တည်ခြင်းတရားရဲ့
အပြောင်းအလဲဖြစ်အောင် ဖော်ဆောင် ပေးတဲ့အရာပါ။ မရဏတရားက ဟောင်းဆွေးအိုမင်းမှုတွေကို ဖယ်ရှားပြီး နုပျိုသစ်လွင်မှုတွေနဲ့
အစားထိုးပေးနေပါတယ်။ ဒီနေ့ဒီအချိန်အခါမှတော့ ဘွဲ့ရမောင်မယ်တို့ဟာ
နုပျိုသစ်လွင်မှုတွေနဲ့ အပြည့်ပါ။ သို့သော်မကြာတော့တဲ့ အခါမှာ
မောင်မယ်တို့လဲ အိုမင်းရင့်ရော် လာမှာပါ။ ပြီးတော့အဖယ်ရှားခံကြရမှာပါ။ စိတ်ထိခိုက်အောင်ပြောမိတာကို ကျွန်တော် တောင်းပန်ပါတယ်။ သို့သော်လဲ ဒါက အမှန်တရားပါ။

ဘွဲ့ရမောင်မယ်တို့မှာ အချိန်တွေအများကြီးမရှိတော့ပါဘူး။ ဒီတော့တစ်ခြားသူတွေ နေသလိုဘဲနေပြီး အချိန်ကိုမဖြုန်းပါနဲ့။ သူများတွေရဲ့
အတွေးအထင်ထဲကအတိုင်း နေရတဲ့ဘဝကို တရားသေဆုပ်ကိုင်ထားပြီး
ချောင်ပိတ်မမိပါစေနဲ့။ မိမိရဲ့အတွင်းစိတ်ကနှိုးဆော် သံကို သူတပါးတွေရဲ့ထင်မြင်ချက် အနှောင့်အယှက်သံတွေက ဖုံးလွှမ်းမသွားပါစေနဲ့။
*ဒီထက်ပိုပြီးအရေးကြီးဆုံးအချက်ကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ရင်တွင်းသိစိတ်တို့က ခေါ်ဆောင်ရာကိုလိုက်ပါ။*
သူတို့က မောင်မယ်တို့ အမှန်တကယ် ဘာဖြစ်ချင်တယ်ဆိုတာကို သိနေကြပြီးသားပါ။
ကျန်တဲ့အရာတွေအားလုံးက သာမညအချက်တွေပါ။
ကျွန်တော်ငယ်စဉ်အခါက “The Whole Earth Catalog” ဆိုတဲ့ အင်မတန်
ပြောင်မြောက်တဲ့ ကတ်တလောက်စာအုပ် တစ်ခု ရှိခဲ့ဘူးပါတယ်။
ဒီစာအုပ်ဟာအဲဒီတုန်းက ကျွန်တော်တို့တွေအတွက် တော့
ကိုးကွယ်စရာကျမ်းစာတွေထဲက တစ်အုပ်ပေါ့။ အဲဒီစာအုပ်ရဲ့ ဖန်တီးရှင်ကတော့ ဒီ
Stanford တက္ကသိုလ် နဲ့ သိပ်မဝေးတဲ့ Menlo Park မှာနေတဲ့ Stewart
Brandဆိုသူပါ။ ဒီစာအုပ်ကို သူက ကဗျာဆန်ဆန်အလှတွေနဲ့ ချယ်မှုန်းပြီး
ထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်ကို ထုတ်ဝေချိန်က ၁၉၆၀ ခုနှောင်းပိုင်းကာလ
ကွန်ပျူတာနဲ့ ကွန်ပျူတာစာစီလုပ်ငန်းတွေ မပေါ်ခင်ကပါ။ အဲဒီတော့
စာအုပ်တစ်အုပ်လုံးက လက်နှိပ်စက်ရိုက်၊ ကပ်ကြေး နဲ့ကိုက်၊ Polaroid
ကင်မရာနဲ့ ဓာတ်ပုံတွေရိုက်ပြီး စာအုပ်ကို ဖန်တီးရတာပါ။ Google ကို
စာအုပ်အဖြစ် ဖတ်ရသလိုပါဘဲ။ ဒ်ီစာအုပ် ဟာ Google မတိုင်ခင် ၃၅ နှစ်က
ပေါ်ခဲ့တာပါ ။ တကယ့်ကို စံနမူနာယူစရာစာအုပ်ပါ။ စာအုပ် တစ်ခုလုံးလဲ
သပ်ရပ်လှပတဲ့ ကရိယာတွေနဲ့ အကြံကောင်းတွေနဲ့ပြည့်နေပါတယ်။
Stewart နဲ့သူ့အဖွဲ့သားတွေဟာ “The Whole Earth Catalog<http://www.wholeearth.com/>” စာအုပ် တော်တော် များများကို ထုတ်ဝေခဲ့ပါတယ်။
ထုတ်ဝေခြင်းကနေရပ်ဆိုင်းရတဲ့အခါမှာတော့ သူတို့တစ်တွေ နောက်ဆုံးနှုတ်ဆက်ခြင်းစာအုပ်ကို ထုတ်ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က
ခုဘွဲ့ရမောင်မယ်တို့ရဲ့ အရွယ်၊ ၁၉၇၀ နှစ်လယ်ကာလများပါ။ နှုတ်ဆက်စာအုပ်ရဲ့ ကျောဖုံးပုံက မနက်စောစော တောဘက်ကကားလမ်းလေးတစ်ခုရဲ့ ဓာက်ပုံပါ။
စွန့်စားခန်း အင်မတန်ကြိုက်သူများ ကားကြုံစီးခရီးထွက်ရာမှာ
တွေ့ကောင်းတွေ့ဖူးကြမဲ့ ကားလမ်းလေးမျိုးပါ။ အောက်မှာစာတန်းလေးရေးထားပါတယ်။ "ဆာလောင်မွတ်သိပ်ပါ။ အရူးထပါ။" တဲ့။
ဒါသူတို့ရဲ့ နောက်ဆုံးစာအုပ်မှာ နောက်ဆုံးနှုတ်ဆက်တဲ့စကားပါ။
ကျွန်တော် ကိုယ်တိုင်လဲ ဒီဆုကိုပဲ အမြဲတမ်းတောင်းခဲ့ပါတယ်။
ခုဘွဲ့ရမောင်မယ် တို့ဘဝအသစ် စကြရတော့မယ်ဆိုတော့ မောင်မယ်တို့ကိုလဲ
ဒီဆုကိုပဲ တောင်းပေးပါ့မယ်။
*"ဆာလောင်မွတ်သိပ်ပါ... အရူးထပါ..."*
အားလုံးကိုကျေးဇူးတင်ပါတယ်။
မူရင်းကို http://news.stanford.edu/news/2005/june15/jobs-061505.html မှာ ဖတ်ရှုနိုင်ပါတယ်။